Ng'Thu K'Thang (News)

64th Chin National Day

Posted on March 16, 2012 at 7:55 PM

၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို Vennesla, Norway တွင်ကျင်းပ


၆၄ နှစ်မြောက်ချင်းအမျိုးသားနေ့ကို Vennesla, Norway တွင် ကျင်းပခဲ့ေ ကြာင်းကို BBC မြန်မာပိုင်းမှာ ဓါတ်ပုံမှတ်တမ်းများနဲ့ အကျယ်တဝင့်ဖေါ်ပြခဲ့ကြပြီး ထုတ်ပြန်ချက်ရဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်းဖေါ်ပြခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကနေ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အပြည့်အစုံကိုတော့ သူရိယ thuriya.org မှာ ဖေါ်ပြခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအခမ်းအနားရဲ့ထူးခြားမှု တစ်စုံတရာကိုတော့ ဘယ်သူကမှအထူးဖေါ်ပြခဲ့ကြတာမတွေ့ခဲ့ရပေမယ့် youtube နဲ့ facebook စာမျက်နှာတွေမှာတော့ အခမ်းအနားရဲ့ထူးခြားချက်တွေကို ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။


တိုင်းရင်းသား ညီအစ်ကိုမာင်နှမများ အတူတကွ ကခုန်ကြ



''အခမ်းအနားမှာထူးခြားချက်အဖြစ် ဒေသအလိုက်မျိုးနွယ်စုများကို ကိုယ်စားပြုတဲ့သဘာပတိများနေရာအတွက် ခုံလွတ် (၁ဝ;) နေရာကို ထားရှိခဲ့ကြပါတယ်။ အဲဒီခုံလွတ် (၁၀;) လုံးဟာ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် (၉;) မြို့နယ်မှာရှိတဲ့ မျိုးနွယ်စုများနဲ့ ကျန်ခုံလွတ်တစ်လုံးကတော့ မြေပြန့်မှာနေထိုင်ကြတဲ့ (Asho) အရှို မြေပြန့်ချင်းတွေကို ကိုယ်စားပြုပါတယ်။ အဲဒီခုံအားလုံးကို အလွတ်ထားရှိခြင်းကတော့ မျိုးနွယ်စုအားလုံး စုံလင်မှုမရှိဘဲ ဘယ်မျိုးနွယ်စုတစ်စုတည်းကမှချင်းတစ်မျိုးသားလုံးကို ကိုယ်စား မပြုနိုင်ကြောင်း၊ အမျိုးသားရေးနှင့်ပတ်သက်သောမည်သည့်ကိစ္စရပ်မျိုးကိုမဆို မျိုးနွယ်စုများအားလုံးစုံလင်စွာ အတူတကွ စည်းလုံး ညီညွတ်မှုဖြင့် လုပ်ကိုင်ဆောင်ရွက် ဆုံးဖြတ်ကြရမည်ဟူသောအဓိပ္ပါယ်ကို နမူနာအဖြစ် ပြသကြေငြာခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ ချင်းလူမျိုးအတွင်း ထဲသာမက ပဲ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးမှာ လည်း မြန်မာပြည်တွင်း မှာရှိတဲ့ တိုင်းရင်းသားအားလုံးအတူတကွတန်းတူညီတူ စည်းလုံးညီညွတ်မှု နဲ့ မြန်မာ့နိုင်ငံရေးကို ဆောင်ရွက် မှသာ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနစ်ကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်း ဒီ ၆၄ နှစ်မြောက်ချင်းအမျိုးသားနေ့မှာ မီမောင်းထိုးပြလိုတာဖြစ်ပါတယ်။'' လို့ ဖေါ်ပြထားတာကို တွေ့ခဲ့ရပါတယ်။


ဖေဖေါ်ဝါရီလ၊ ၂၀ ရက်နေ့ BBC မြန်မာပိုင်းအစီအစဉ်၊ အစီအစဉ် နံနက်ပိုင်းမှာလည်း ပွဲဖြစ်မြောက်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူ Jonathan Thang ကို BBC ကနေ အင်တာဗျူးချက်တွေကိုလည်း ထုတ်လွှတ်ပေးခဲ့ပါတယ်။


youtube ပေါ်မှ အခမ်းအနားဗွီဒီယိုများ အောက်မှာကြည့်ပါ


You need Adobe Flash Player to view this content.

ရိုးရာဓါးသိုင်းအက






Categories: World

Post a Comment

Oops!

Oops, you forgot something.

Oops!

The words you entered did not match the given text. Please try again.

You must be a member to comment on this page. Sign In or Register

0 Comments